International News

ထိုင်းနိုင်ငံ၏ GI ရထားသည့် ဆန် တမူထူးခြား

Last Updated:

ထိုင်းနိုင်ငံ၏ ပထဝီဝင်သွင်ပြင်လက္ခဏာများဖြစ်သော မြေဆီလွှာ၊ လေနှင့်ရေစသည့် မွေးရာပါ ဝိသေသလက္ခဏာများဖြင့် သီးနှံများစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေပါသည်။ ပထဝီဝင်အညွှန်း GI ပါသော ထိုင်းဆန်သည် ၎င်း၏အရသာနှင့် အခြားသော အံ့‌ဩဖွယ်ရာ ဂုဏ်ရည်များတွင် ထူးခြားမှုရှိပါသည်။

လက်ရှိတွင် ထိုင်း GI ဆန်မျိုးကွဲကိုးမျိုးရှိပါသည်။ ပထမအမျိုးအစားဖြစ်သည့်ဆန်မှာ လန်နာဖြစ်ပြီး ကင်ဆာကာကွယ်ပေးသည့် ကမ်အဟာရပြည့်ဝသော ကောက်ညှင်းဆန်ဖြစ်ပါသည်။ ဒုတိယအမျိုးအစားမှာ Luem Phua Rice of Phetchabun ဆန်ဖြစ်ပြီး ၎င်းသည်မွှေး၍ နူးညံ့သည့်အရသာရှိပြီး အာဟာရပြည့်ဝသော အနက်ရောင်ဆန်ဖြစ်ပါသည်။ တတိယအမျိုးအစားမှာ Sao Hai ၏ Fluffy ဆန်ဖြစ်ပြီး၊ အလွယ်တကူ မပျက်စီးစေဘဲ ပုံသဏ္ဍာန် ထိန်းသိမ်းထားသော ထမင်းကိုရရှိစေသည့် ဆန်ဖြစ်ပါသည်။ စတုတ္ထအမျိုးအစားမှာ Chumphon of Pathiu Yellow Rice ဆန်ဖြစ်ပြီး ချက်ပြုတ်သည့်အခါ နူးအိပြီးအမြန်ချက်ပြုတ်နိုင်သည့် စပါးရှည်ဆန်အမျိုးအစားဖြစ်ပါသည်။ လမ်းဘေးအစားအစာ‌ ရောင်းချရာတွင် အလွန်သင့်တော်သည့် ဆန်ဖြစ်ပါသည်။ ပဉ္စမအမျိုးအစားမှာ မွှေးကြိုင်သည့်အနံ့ရှိသော  ကောက်ညှင်းဆန်နှင့်နီညိုရောင်ရှိသည့် ကောက်ညှင်းရှည် ဆန်ဖြစ်ပြီး antioxidants များကြွယ်ဝစွာ ပါဝင်ပါသည်။ ဆဌမအမျိုးအစားမှာ Thung Kula Rong Hai Hom Mali Rice ဆန်ဖြစ်ပြီးထိုင်းနိုင်ငံ၏ အကောင်းဆုံး ဟုန်မာလီဆန်ရှည် အဖြူဖြစ်ကာ ရနံ့မွှေးပျံ့ပြီး နူးညံ့သည့် အရသာရှိပါသည်။ သတ္တမအမျိုးအစားမှာ Surin Hom Mali Rice ဆန်ဖြစ်ပြီး အဖြူရောင် ဆန်လုံးရှည်ဖြစ်ကာ ထမင်းချက်သည့်အခါ နူးညံ့ပြီး စိုစွတ်နေပါသည်။ အဌမအမျိုးအစားမှာ Hang Hom Sakonthawapi ဆန်လုံးသွယ်ပုံစံဖြစ်သည့်စပါးရွှေညိုဆန်ဖြစ်ပြီးအာဟာရများစွာပါဝင်ပါသည်။ နဝမအမျိုးအစားမှာ Kalasin ကောက်ညှင်းဆန်ဖြစ်ပြီး နူးညံ့သော်လည်း ပျော့အိအိမနေဘဲ ရနံ့မွှေး၍ အချိန်ကြာမြင့်စွာ အရသာရှိသည့်ဆန်မျိုးဖြစ်ပါသည်။

 

 

 

MYANTRADE


Source: Rice News Today

Category: International News